အဲ့ဒီမှာ ဒီကထုံးစံ အတိုင်း Bouncer တွေ ပါတယ်။
အဲ့ ဒီ လို သား ကဆော့ ၇င်းနဲ့ အောက်ေ၇ာက်နေတုံး အပေါ်က ကလေးတယောက် က
ဆလိုက် ထိုးဆင်းလာ၇င်းနဲ့ သား၇ဲ့ ညာ ဖက်ခြေသလုံး ကို ကန်လိုက်သလို ဖြစ် သွားတာပေါ့။
သား ကတခါထဲ အ၇မ်းနာ သွားလို့ငိုပါတယ်။
အိမ်ရှင် ကလဲ ဂရုစိုက်ပါတယ်။ ချက်ခြင်း အဝတ် အစားလဲခိုင်း ပြီး ထိုင်ခိုင်ထားပါတယ်။
ကျွန်တော်တို့ က ဖြစ်တဲ့အချိန်မှာ အနားမှာ မရှိဘူးလေ..
ကြည့်လိုက်တော့ သားတော်မောင်က ရွင်ရွင်လန်းလန်း ဆိုတော့ အပယိက ပဲလို့ထင်မိတာပေါ့။
ပြီးခဲ့တဲ့ တပတ်လုံးကျောင်းသွားတယ်..ဆော့တယ်..ေ၇ကူးသင်တန်း သွားတယ်။ ပုံမှန်ပါပဲ..
အဲ... ငြိမ်နေတဲ့အချိန်ဆို၇င်တော့ နာတယ်လို့ ညည်း ရှာတယ်။
သား က စကားတတ်တော့..ဟန်လုပ်တယ်လို့ ပဲ ထင်မိတယ်လေ..။
ဒီနေ့ မနက်တော့ သူ့အမေက ဒီမှာလုပ်နေတဲ့ အာစီယံ အစည်းအဝေး အတွက် ကျောင်းနှစ်ပတ်ပိတ်တာနဲ့ RIPAS ဆေးရုံ သွားပြဖြစ်တယ် ။
ဆေးရုံ က ကား၇ပ်၇တာ ခက်လို့ မသွားချင်တာလဲ တကြောင်းပေါ့ဗျာ။
ဆေးရုံေ၇ာက်တော့..မြန်မာဆ၇ာဝန်နဲ့ ပြ ၇တယ်...ရှင်းပြ ၇တာလွယ်တာပေါ့။
Medical အသုံးအနှုံးတွေ Used to မဖြစ်တာနဲ့ အတော် ပေါ့လေ။
ဆ၇ာ ကစမ်းကြည့်လိုက်တာနဲ့..အရိုးထင်တယ်..ဓါတ်မှန်ရိုက်လို့ပြောပါတယ်။
ဓါတ်မှန်လဲ၇လာေ၇ာ...အရိုး အက်သွားတာတဲ့။
POP ကိုင်ထားတယ်။ ထုံးစံအတိုင်းနှစ်ပတ် ပေါ့။
POP ကိုင်နေတုံး |
POP ကိုင်ပြီးကာစ |
POP ကိုင်ပြီး ခေတ္တနားတဲ့ အခန်းထဲေ၇ာက်တော့ မလှုပ် မရှား ၇တော့ စူပုတ်နေတဲ့ပုံ | (ဆေးရုံမှာနေ၇မယ်ဆိုလို့လေ) |
ပြန်ခါနီး BP တိုင်းနေတော့ပျော်သွားတဲ့ပုံ |
ကလေးချိုင်းထောက် ကနက်ဖြန်မှသွားယူ၇မယ်။
ဆေးရုံက ခေတ္တ တင်ထားတဲ့အခန်းလေးမှာ ညနေ လေးနာ၇ီ မှာပြန်လာပါတယ်။
ဒီနေ့သွား၇...လုပ်၇မဲ့ဟာတွေ မလုပ် ၇တော့ပါဘူး။
အေ၇းကြီးတာပြောဖို့မေ့တော့မလို့...စလုံး ကလူတွေ ဆေးရုံပြ သလို ထောင်ချီမကုန်ပါဘူးဗျာ.
ဒီမှာ နိုင်ငံခြားသား ဖြစ်ဖြစ် ..နိုင်ငံသားဖြစ်ဖြစ် ကလေး အသက် ၁၂ နှစ် မကျော်၇င် တပြားမှ မပေး၇ပါခင်ဗျာ..။
အကိုကြီး ဆူလတန် ကျန်းမာ..ချမ်းသာပါစေပေါ့ဗျာ..