ရွှေဘရူနိုင်းမှကြိုဆိုပါတယ်

Sunday 26 July 2009

ထွက်တော်မူနန်းကခွာတယ်

အေးဗျာ ,Visa ၇ပြီဆိုတော့လဲသွားဖို့ပြင်ဆင်၇တော့တာပေါ့

စိတ်ထဲမှာလဲမတင်မကျနဲ့ပါ,Brunei ဆိုတာဘယ်နားမှန်းမသိ,

Batching plant ဆိုတာကြီးကဘယ်လိုကြီးလဲဟပေါ့ဗျာ....

အဲ့ဒိတုန်းကShore job ဆို၇င် Singapore ပဲအသွားများကြတဲ့အချိန်ဆိုတော့

စဉ်းစား၇တာပေါ့ နောက်ပြီးပွဲခ အစိမ်း ၅၀၀ဆိုတာကလည်းတနင့်တပိုးလေဗျာ

Visa ၇၇င် ပွဲခကပေး၇တော့မှာ၊

အဟဲ...သွားဖို့မသွားဖို့ဘယ်သူဆုံးဖြတ်တယ်ထင်လို့လဲ……

ကိုဗေဒင်ဆ၇ာပေါ့ဗျ…သူကလဲခေတ်မှီတယ်

S,B ,T,Mနဲ့စတဲ့နိုင်ငံဆို၇င်သွားသာသွားကောင်းတယ်တဲ့.....

ကဲကောင်းတယ်ဆိုတော့လဲသွားတာပေါ့ဗျာ....

အဲတာနဲ့သွားမဲ့လူတွေစုပြီလက်မှတ်ဈေးသက်သာမဲ့နေ၇ာရှာ၇တာပေါ့..

နောက်ဆုံးစိန်ချစ်ဆိုတဲ့ဗိုလ်အောင်ကျော်လမ်းကRBA အေးဂျင့်ဆီမှာဝယ်ဖြစ်တယ်..

မှတ်မိသလောက်အစိမ်း၄၀၀ နီးပါးပေး၇ပါတယ်...

အတူသွားမဲ့လူတွေက...

၁.ကိုမြင့်အောင် (ယခုSG မှာ PR)

၂.ကိုမောင်မောင်တာ(ယခုSG မှာ PR)

၃.ကိုသိန်းဝင်း (ယခုJPN မှာ)

၎.ကိုနေမျိုးထွန်း(ယခုYGN မှာ)

၅.ကိုအောင်မျိုးသန်း(ယခုထိBrunei မှာ)

၆.နံမယ်ရင်းမေ့နေတဲ့ ကိုတရုတ်ကြီး(ယခုYGNမှာ)

နဲ့ ကျွန်တော်ပေါ့ခင်ဗျာ...

ကဲ ၁၉၉၇ ခုနှစ်ဧပြီလ ၇ရက်နေ့ နေလည်မှာတော့

၇န်ကုန်လေဆိပ် ကနေ RBA ၇ဲ့ Boring 767 ကြီးစီးပြီးထွက်ပါပြီခင်ဗျာ...

No comments: